Agreement Terms and Conditions for Online Learning

  1. The student and guardians have to follow the rules stated in the Student Handbook for 2020-2021 Academic Year.
  2. The student must have at least 75% attendance to participate in Term tests and attendance will be recorded via Discussion Time.
  3. The student must have at least 75% completion of class assignments to participate in Term tests.
  4. The student and the guardians have to ensure that the internet facility of their choosing is adequate to fully participate in the online classes and complete assignments.
  5. The student may take leaves for sickness, faulty internet connection, faulty electronics, power outage and other reasonable excuses.
  6. Through email, the school will send the course materials to the student for the classes that he or she took leaves for. The live lessons delivered by the teachers will not be included. The school will stop sending in this manner as soon as the student fails to maintain 75% attendance.
  7. The student and the guardians are not allowed to record the teachers’ online classes and the voice inputs of fellow classmates.
  8. The student and the guardians are not allowed to copy, modify, reproduce, upload, post any of the educational materials provided by EMPS on any forms of social media.
  9. In case of unforeseen events such as  fires, floods, earthquakes, strikes, storms, further outbreak of viruses, the school reserves the rights to change the teacher, online class schedule, online class structures or assignments.

 

  1. EMPS အနေဖြင့် Student Parent Handbook ကို နှစ်စဉ် edit လုပ်ပြီး ထုတ်ဝေပါသည်။ ယခု ၂၀၂၀-၂၁ ပညာသင်နှစ်အတွက် ကျောင်းသားများ နှင့် မိဘ/အုပ်ထိန်းသူများကို Student Handbook များ ပေးအပ်ပါမည်။ ကျောင်းသားများနှင့်မိဘများကို Student Parent Handbook တွင်ပါဝင်သောအချက်များကို သေချာစွာဖတ်ရှူပြီး လိုက်နာပေးပါရန် မေတ္တာရပ်ခံပါသည်။
  2. ကျောင်းသားများသည် ကျောင်းမှ စစ်ဆေးသော School-based Term Test  စာမေးပွဲများကို ဝင်ရောက်ဖြေဆိုခွင့်ရှိရန် ကျောင်းခေါ်ချိန် အနည်းဆုံး ၇၅ ရာခိုင်နှုန်း ပြည့်မီရမည်ဖြစ်ပါသည်။ Online learning တက်ရောက်သောကျောင်းသားများ၏ ကျောင်းခေါ်ချိန်ကို Discussion Time တွင် သက်ဆိုင်ရာဆရာဆရာမများမှကောက်ယူမည် ဖြစ်ပါသည်။
  3. ကျောင်းသားများသည် ကျောင်းမှ စစ်ဆေးသော School-based Term Test  စာမေးပွဲများကို ဝင်ရောက်ဖြေဆိုခွင့်ရှိရန် class assignment များကို အနည်းဆုံး ၇၅ ရာခိုင်နှုန်း ပြီးစီးရမည်ဖြစ်ပါသည်။
  4. ကျောင်းသားများ နှင့် မိဘ/အုပ်ထိန်းသူများသည် Online Class များ၊ Discussion Time များကို ပါဝင်နိုင်ရန်နှင့် assignment များကို ပြုလုပ်နိုင်ရန် လိုအပ်သော internet facility များကို မိမိအစီအစဉ်ဖြင့် စီမံထားခြင်းကို ကျေးဇူးတင်ရှိပါသည်။
  5. ကျောင်းသားများသည် နာမကျန်းဖြစ်ခြင်း၊ internet နှင့် စက်များချို့ယွင်းခြင်း၊ လျှပ်စစ်မီး ပျက်တောက်ခြင်းနှင့် အခြားခိုင်မာသော အကြောင်းပြချက်များအတွက် ခွင့်ယူနိုင်ပါသည်။
  6. ‌ကျောင်းသားများခွင့်ယူသော ရက်များတွင် သင်ကြားလိုက်သော သင်ခန်းစာများကို ကျောင်းသားများထံသို့ အီးမေးလ် မှ တဆင့် ကျောင်းမှပို့ပေးပါမည်။ ဆရာ၊ ဆရာမ များ online တွင် live သင်ကြားသွားသော video record များ ပါဝင်မည်မဟုတ်ပါ။ ကျောင်းသားများ ကျောင်းခေါ်ချိန် ၇၅ ရာခိုင်နှုန်း မပြည့်မီတော့ပါက ကျောင်းမှ ဤသို့ ပေးပို့ခြင်းကို ဆက်လက်လုပ်ဆောင်ပေးတော့မည်မဟုတ်ကြောင်း နားလည် စေလိုပါသည်။
  7. ကျောင်းသားများ နှင့် မိဘ/အုပ်ထိန်းသူများသည် ဆရာ၊ ဆရာမများ online တွင် သင်ကြားနေသော အရုပ်အသံများနှင့် အခြားကျောင်းသားကျောင်းသူများ ပါဝင်ဆွေးနွေးသော အသံများကို ဓာတ်ပုံ၊ ဗီဒီယို အပါအဝင် မည်သည့် နည်းပညာနှင့်ဖြစ်စေ ဖမ်းယူသိမ်းဆည်းထားခြင်းလုံးဝ မပြုလုပ်စေရန် မေတ္တာရပ်ခံအပ်ပါသည်။
  8. ကျောင်းသားများ နှင့် မိဘ/အုပ်ထိန်းသူများသည် EMPS ကျောင်းမှ ပေးသော သင်ခန်းစာများ (တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ ပြုပြင်မွမ်းမံထား၍ ဖြစ်စေ)ကို မည့်သည် လူမှုကွန်ယက် ဝက်ဘ်ဆိုက်ပေါ်သို့ တင်ခြင်း၊ share ခြင်းများ မပြုလုပ်ပါရန် မေတ္တာရပ်ခံ အပ်ပါသည်။
  9. ကြိုတင်မခန့်မှန်းနိုင်သော သဘာဝဘေးဒဏ်များ (ဥပမာ - ရေဘေး၊ ငလျင်ဘေး၊ မုန်တိုင်းဘေး)နှင့် အခြားဖြစ်ရပ်များ (ဥပမာ - မီးဘေး၊ အဓိကရုန်းများနှင့် ဗိုင်းရပ်စ်များ ဆက်လက်ပျံ့ပွားခြင်း) ဖြစ်ပွားလာပါက EMPS ကျောင်းသည် အဆိုပါ ဘေးဒဏ်များမှ လွတ်ကင်းအဆင်ပြေစေရန် online သင်ကြားသော ဆရာ၊ ဆရာမများ၊ သင်ကြားချိန်များ၊ သင်ကြားမှု ပုံစံများ၊ assignment များကို မိဘများနှင့် ညှိနှိုင်းတိုင်ပင်၍ လိုအပ်သလို အပြောင်းအလဲ ပြုလုပ်ပါမည်။