Excellence Awards Ceremony 2024

မိဘများရှင့်
ပြီးခဲ့သည့် ၂ဝ၂၃-၂ဝ၂၄ ပညာသင်နှစ်အတွက် ထူးချွန်ကျောင်းသား/သူများကို ဆုပေးမည့် ဆုပေးပွဲကို လာမည့် ၁၄.၁၂.၂ဝ၂၄ (စနေနေ့) တွင် Sky Star Hotel ၌ ပြုလုပ်မည်ဖြစ်ပါသည်။ ဆုရကလေးများနှင့် မိဘများကို သီးခြားဖိတ်စာပို့ ဖိတ်ကြားပါမည်။ ဆုရရှိခြင်း မရှိသော်လည်း ကလေးများနှင့် မိဘများသည် ဆုပေးပွဲသို့ တက်ရောက် ဂုဏ်ပြုလိုခြင်းရှိပါက ကျောင်းရုံးခန်းသို့ ၃၀.၁၁.၂၀၂၄ နောက်ဆုံးထားဆက်သွယ်၍ တက်ရောက်မည့်သူ အမည်စာရင်းပေးသွင်းပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
OPLA awards ရသော ကလေးများအတွက် ၁၄.၁၂.၂၀၂၄ မနက်ပိုင်းတွင် Park Royal Yangon Hotel ၌ Pearson မှ ကျင်းသော ဆုပေးပွဲသို့လည်း တက်ရောက်ရမည်ဖြစ်ပါကြောင်း နှင့် မိဘတိုင်း ဂုဏ်ယူရသော ကလေးများအတွက် ဂုဏ်ပြုသော ဆုပေးပွဲအခန်းများဖြစ်အောင် ပံ့ပိုးခဲ့ကြပါသော မိဘတိုင်းအား ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။

လေးစားစွာဖြင့်
EMPS & UAM